​​

Online Diploma in Social Work (ODSW) Batch 2 Graduation Ceremony

Graduates တွေရဲ့ကြိုးစားအားထုတ်မှု၊ ယုံကြည်မှု နဲ့ ခိုင်မာတဲ့ Commitment တွေကြောင့် YSSW မှ Online Diploma in Social Work (ODSW) Batch 2 ရဲ့ Graduation Ceremony ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မှာကျင်းပနိုင်ခဲ့ပါတယ်။


YSSW CEO&Founder ကိုကျော်စစ်နိုင်မှ "YSSW ဟာဆိုရင် မြန်မာပြည်ရဲ့ လူမှုရေးပြောင်းလဲမှု ကဏ္ဍမှာပါဝင်နေတဲ့ Change Makers တွေကို မွေးထုတ်ပေးတဲ့ Institution ဖြစ်လာဖို့ မျှော်လင့်ပါတယ်။" ဟု အမှာစကားပြောကြားခဲ့ပါတယ်။


အခမ်းအနားမှာ Keynote Speaker အဖြစ် Dr. Si Thura မှ "Social Work Not As a Charity, But As a Catalyst for Social Change" ဆိုတဲ့ စကား အတိုင်း Social Workersတွေဟာ ရေရှည်ပြောင်းလဲတိုးတက်ဖို့အတွက် အရှေ့ကနေ လမ်းပြပေးတဲ့ Catalyst များဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။


မြန်မာနိုင်ငံအနှံ့ လူမှုအသိုက်အဝန်းများဆီကို အသိပညာ နဲ့ ကတိကဝတ်‌တွေကို သယ်ဆောင်သွားမယ့် Social Work Professionals များကို မွေးထုတ်ပေးနိုင်ဖို့ Program တစ်လျှောက် လမ်းညွှန်သင်ကြားပေးခဲ့ကြတဲ့ Program Director & Faculty ဆရာ Paul Mung Ja နှင့် Faculty Members များဖြစ်ကြတဲ့ ဆရာမျိုးမြင့်ထွန်း၊ ဆရာ Luke Mung Shaung၊ ဆရာမ ဥမ္မာခိုင်၊ ဆရာမ Dr. နွယ်နီမျိုးဝင်း နှင့် ဆရာမ မိုင်ယမင်းမြတ် တို့အား YSSW မှ အထူးလေးစားစွာ ကျေးဇူးတင်ရှိပါတယ်။ ကျောင်းသားတွေကို English အပိုင်းမှာ သင်ကြားပို့ချပေးခဲ့တဲ့ ဆရာမ နှင်းဝင့်နိုင်အားလဲ ကျေးဇူးအထူးတင်ရှိပါဝယ်။


ထို့အပြင် Internship Agency Supervisors များ၊ အထူးသဖြင့် Special Remarks ပြောကြားပေးခဲ့တဲ့ Agency Supervisor ဦးညီမျိုးသော်၊ အခမ်းအနားမှာပါဝင်အားဖြည့်ပေးကြတဲ့ Batch 1 Alumni များ၊ စေတနာအပြည့်နဲ့ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ YSSW မှ Volunteers များ၊ သိပ်ကိုလှတဲ့ Flower Decorations အတွက် ပြင်ဆင်ပေးတဲ့ Volunteer Kaung Myat Maung နှင့် Graduation Ceremony အောင်မြင်စွာ ကျင်းပနိုင်ရန် အတူလက်တွဲပံ့ပိုးပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။


ODSW Batch II Graduates တွေရဲ့ ရှေ့ဆက်ခရီးလမ်းဟာ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုတင်မကပဲ မိသားစုများ၊ လူမှုအသိုက်အဝန်းများနှင့် မြန်မာနိုင်ငံရဲ့ Social Work Profession ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်တစ်ရပ် ဖြစ်လာမယ်လို့ YSSW မှ ယုံကြည်ပါတယ်။


Congratulations to all ODSW Batch II Graduates! 💛


#yangonschoolofsocialwork

#ODSWBatch2

#graduation

#socialwork


Online Diploma in Social Work (ODSW) Batch 2 Graduation Ceremony
Yangon School of Social Work, YSSW IT July 6, 2026

Open your horizons

We’ve selected properties from all types and all areas.
The house of your dreams is around the corner.


Share this post
Tags
Archive
​​
Keynote Speaker Announcement – ODSW Batch II Graduation Ceremony 2026