ကျွန်တော်တိုတွေဖြတ်သန်းရတဲ့ ဘဝတွေပေါ်မှာမူတည်ပြီး ရရှိလာတဲ့အခွင့်အရေးတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ မွေးဖွားရာဒေသ၊ ရရှိနိုင်တဲ့အခွင့်အရေး၊ ကျန်းမာရေး နဲ့ ပညာရေး ဝန်ဆောင်မှုတွေ လက်လှမ်းမီနိုင်မှု နဲ့ ရာသီဥတုပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုတွေဟာ ကျွန်တော်တိုရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲစေနိုင်ပါတယ်။
Anna Claybourne ရေးသားထားတဲ့ Unequal Planet: Why Some People Have… and Some Have Not (and What You Can Do to Change It) စာအုပ်မှ စိတ်ကူးစိတ်သန်းတွေကို အခြေခံပြီး Yangon School of Social Work (YSSW) နှင့် Prism of Change တို ပူးပေါင်းကျင်းပမယ့် ဒီပွဲလေးမှာဆိုရင် မညီမျှမှု (Inequality) ရဲ့ အကြောင်းရင်းတွေနဲ့ အကျိုးဆက်တွေကို ဘယ်လိုလျှော့ချပြီး ဖြေရှင်းနိုင်မလဲဆိုတာကို အတူတကွ လေ့လာဆွေးနွေးသွားမှာဖြစ်ပါတယ်။
မိမိတိုရဲ့ အတွေးအမြင် အတွေ့အကြုံတွေကို မျှဝေဖို၊ ဝေဖန်ဆန်းစစ် စဉ်းစားနိုင်ဖိုနဲ့ ပိုမိုမျှတသော လူ့အဖွဲအစည်းတစ်ခု တည်ဆောက်လိုသူတွေအတွက် ချိတ်ဆက်ဆွေးနွေးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။
ဒီပွဲမှာ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ရွာဖွံဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုကဏ္ဍမှ လုပ်ငန်းဆောင်ရွက်သူများ၊ လူမှုရေးလုပ်သားများ၊ ပညာပေးသူများ၊ လူငယ်များနှင့် မညီမျှမှုအကြောင်းကို နားလည်လိုပြီး ဆွေးနွေးလိုသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ပါတယ်။
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
အချိန် – နေ့လယ် ၁:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ
Fee - Pay What You Can
နေရာ – 521(B), ၃လွှာ၊ ရွှေဂုံပလာဇာ၊ ရွှေဂုံတိုင်းလမ်း၊ ဗဟန်းမြိုနယ်၊ ရန်ကုန်။
Google Map – https://maps.app.goo.gl/2nNU5yk7aiRR82bC6?g_st=ic
စာရင်းပေးသွင်းရန် – https://forms.gle/RWmvKFDYsgBb5NTr7
အစားအသောက်အစီအစဉ် – မုန့်နှင့် ကော်ဖီ သိုမဟုတ် လက်ဖက်ရည်ကို စီစဉ်ပေးထားမည်ဖြစ်ပါသည်။
Note: "Pay What You Can" စနစ်အရ ငွေပေးချေမှုအတွက် Eventသိုရောက်ရှိချိန်တွင် YSSW Reception Desk မှာ ပေးသွင်းနိုင်ပါတယ်။
English Translation
Where we are born, the opportunities available to us, our access to health and education, and even the impacts of climate change can shape the lives we are able to lead. Inspired by Anna Claybourne’s book Unequal Planet: Why Some People Have… and Some Have Not (and What You Can Do to Change It), Yangon School of Social Work (YSSW) in collaboration with Prism of Change, invite you to a shared and reflective learning workshop exploring the causes and consequences of inequality and how we can address it.
Get ready to think critically, share your experiences and ideas, and connect with others who care about building a more equal and just society.
Open to students, community development and humanitarian practitioners, social workers, educators, youth, and anyone interested in understanding and addressing inequality.
Date: 25 July 2026
Time: 1:00PM - 4:30PM
Location: Yangon School of Social Work, 3rd floor, Shwe Gon Plaza, Yangon 11201
Google map: https://maps.app.goo.gl/2nNU5yk7aiRR82bC6?g_st=ic
Registration Link: https://forms.gle/RWmvKFDYsgBb5NTr7
Refreshments: Light snacks and coffee or tea will be provided during the workshop as part of "Pay What You Can" system.
Payment: Those contributing with the “Pay What You Can” may make their contribution at the YSSW Reception desk upon arrival.
Looking forward to seeing you there!
#yssw
#unequalworld



